Blogger Widgets

Huawei Flash Tool အသုံးပြုခြင်း

Posted by Unknown Wednesday, February 5, 2014

Huawei Phone များအတွက် Flash Tool သုံးပီး Firmware တင်ခြင်းကို သိသလောက်လေး ပြောပေးပါ့မယ် ........................

တကယ်တော့ Flash Tool ကို အသုံးပြုရခြင်းမှာ SD Slot ပျက်နေသော Huawei ဖုန်းများကို Firmware တင်သောအခါများ မိမိတွင် မန်မိုရီကတ်မရှိသော အခါများတွင် အလွန်အသုံးဝင်ပါသည်......

ဖုန်းအတွက် လိုအပ်သော Firmware ကို အရင်ဆုံး ရယူထားရပါမယ် ..... Firmware ရရှိပီးလျှင် အောက်တွင်ပေးထားသော Flash Tool ကိုဒေါင်းပေးပါ

DOWNLOAD NOW

ရရှိလာသော ဇစ်ဖိုင်ကိုဖြည်လိုက်ပါ NewMultiDownloadU ဆိုသော ဖိုင်းကိုဖွင့်လိုက်ပါ အောက်ပါအတိုင်းတွေ့ပါလိမ့်မည် ............

အထက်ပါပုံအတိုင် Password တောင်းလာပါက Huawei ဟုရိုက်ထည့်လိုက်ပါ ။ ထိုအခါ အောက်ကပုံကို ထပ်တွေ့ရပါမည်။


အထက်ပါပုံတွင် ၀ိုင်းပြထားသော Firmware ကိုအမှန်ခြစ်ပေးပါ။ အောက်ဖော်ပြပါပုံပေါ်လာလျှင် မိမိဖုန်းနှင့်ကိုက်ညီသော Firmware ကို ထည့်သွင်းပေးရပါမည်။ ထည့်သွင်းရမည့်ဖိုင်မာ dload foder ထဲမှ UPDATE.APP ဖိုင်ဖြစ်ပါသည်။ အောက်ပါပုံကိုကြည့်ပေးပါ။

ထို့နောက် Open ကိုနှိပ်ပေးရပါမည်။  ( Please Choose ................ ) လေးကို အမှန်ခြစ်ပေးပါ။အောက်ပါပုံလေးတက်လာလျှင် မိမိဒေါင်းထားသောဖိုဒါထဲမှ WH62406270M Foder ထဲမှ WH62406270ML01Ver1003(SmartPhone) ဆိုသောဖိုင်ကိုရွေးချယ်ကာ Open ပေးပါ။

ထိုအခါအောက်ပါပုံတက်လာပါလိမ့်မည်။ 

ဖုန်းကို Firmware Flashing Mode ( Vol Up + Vol Down + Power ) တွဲနှိပ်ပီး ၀င်ရောက်ပါ။ ထိုအခါဖုန်းသည် ပန်းရောင် Screen ဖြင့် တက်လာပါမည်။ ဖုန်းကိုကွန်ပြူတာဖြင့်ချိတ်ဆက်ပေးပါ။ ထို့နောက် အထက်ဖော်ပြပါပုံမှ Scan & Download ကိုနှိပ်ပေးပါ။ 

ဖုန်းတွင် OK ဟုဖော်ပြလာလျှင် Firmware တင်ခြင်းပီးဆုံးပါပီ။

Usb ကြိုးကိုဖြုတ် ဖုန်းကိုဓါတ်ခဲထုတ် ပြန်ထည့်ပီး Power on လိုက်လျှင် ရပါပီ ခင်ဗျားးးးးးးးးးးးးး 

ကျနော်သိသလောက် တင်ဆက်ခြင်းဖြစ်ပါသည် ...... တစ်စုံတစ်ခုသောလိုအပ်ချက်များရှိပါက တောင်းပန်ပါသည် ............. 

PYAE PHYO ( AG & AS )

ANDROID USER အပေါင်းစိတ်ချမ်းမြေ့ကြပါစေ ........................


2 comments

  1. Anonymous Says:
  2. What is the password? please help me

     
  3. Unknown Says:
  4. mediafire မှာ တင်ပေပါလား ဗျာ ဒေါင်း၇တာအဆင်မပြေလို့

     

Post a Comment

ကြည့်ရှုမှု အများဆုံး

AGAS SHARE APP

Like us on Facebook

မှာစရာရှိရင်

Visitors




Flag Counter

Facebook Page ကို Join ထားခြင်းဖြင့် အသစ်တင်သမျှကို သိရှိနိုင်မှာ ဖြစ်ပါတယ်